ပိုင်ကျုံ ဇန်နဝါရီ ၆
ပိုင်ကျုံမြို့နယ်အတွင်းရှိ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီက စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများတို့က မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်-အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ စသည့် ကာကွယ် ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့သည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များတို့၏ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောင့်မှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ ကျေးလက်လက်ကျန်းမာရေးဌာနတွင် အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များတို့၏ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းလုပ်ငန်းကို လစဉ် ၆ ရက်နှင့် ၇ ရက်နေ့တွင် ပုံမှန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)