ရပ်စောက်မြို့နယ်၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ပင်းတယမြို့၌ (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် ပြည်‌‌ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ‌ပြိုင်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊‌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို)အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း (Book Club )အဖွဲ့တို့ ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို မြို့နယ်လူထုအခြေပြု ဗဟိုဌာန (Community centre)  ခန်းမ၌ ယမန်နေ့နံနက် ၉:၃၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ သူရသီဟကိုယ်ပိုင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသားလူငယ်မောင်မယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်နှင့် မိမိတို့အတွေးအမြင် ဗဟုသုတများကို အချင်းချင်းမျှဝေဖလှယ်တတ်စေရန်ရည်ရွယ်၍ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ သူရသီဟကိုယ်ပိုင်ကျောင်းတို့ ပူး‌ပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါမြို့နယ်ရှိ သူရသီဟကိုယ်ပိုင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့နယ် Community Centre ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို)အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ပုလောမြို့နယ် Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခင်ကြီးယကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်၊ ခင်ကြီးယကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကို ဖေဖော်ဝါရီလ(၇)ရက်၊ နံနက်(၉)နာရီခွဲက အဆိုကျေးရွာကုန်ထုတ်လမ်းတွင် ကျင်းပခဲ့သည်။

ဆီဆိုင်မြို့၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါကျောင်ရှိ ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)တွင်  (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အောင်မြေသာစံမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း စိစစ်မှုများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဦးစီးမှူး ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီက မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်အား အုပ်စု(၂)စုခွဲ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဥပုသ်တော်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to