ကံမမြို့နယ်၌ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် လက်တွေ့သင်တန်းပို့ချခြင်းများ ဆောင်ရွက်

ကံမ ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် လက်တွေ့သင်တန်းပို့ချခြင်းများကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်ခန်းမ၌ ပြုလုပ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များ၊ မဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတို့က ရွေးကောက်ပွဲ၌ MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဝန်ထမ်းများအား MEVM မဲပေးစက်များ Installation ပြုလုပ်ခြင်း၊ စက်များကို ကိုင်တွယ်အသုံးပြုနည်းများ၊ မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆန္ဒမဲပေးမည့်နေ့တွင် မဲပေးစက်များ အသုံးပြုဆောင်ရွက်ပုံအဆင့်ဆင့်ကို လက်တွေ့တပ်ဆင် ရှင်းလင်းပြောကြားခဲ့‌ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)