ဝိုင်းမော်မြို့နယ်၌ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေး
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂) ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန်ရှိသူများအား ဇန်ဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့ထိ သက်ဆိုင်ရာရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။