ဖြူးမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေး၍ အသိပညာပေး ဟောပြော

ဖြူး ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ “တစ်မျိုးသားလုံး ကျန်းမာစေဖို့ ကျောင်းကျန်းမာရေး ဆောင်ရွက်ကြစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ  အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ ကျန်းမာပြီးပျော်ရွှင်စွာ စာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်၍ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ဟောပြောပွဲများ ဆောင်ရွက်နေလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က အ.ထ.က(၃)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ယင်လုံအိမ်သာများစစ်ဆေးခြင်း၊ ရေကောင်းရေသန့်ရရှိရေးနှင့် ကျောင်းမုန့်စျေးတန်းစစ်ဆေးခြင်းများပြုလုပ်၍ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး၊ စနစ်မှန်သွားတိုက်ခြင်း၊ စနစ်မှန်လက်ဆေးခြင်း အသိပညာပေး၍ သရုပ်ပြခြင်းများကို  ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး၊ ဒေါက်တာ အောင်ကျော်မိုးဦးဆောင်၍ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်း၊ မိခင်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများ  ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)