တန့်ယန်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ၂၅ ရာခိုင်နှုန်း ပြန်လည်ရွေးချယ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ၂၅ ရာခိုင်နှုန်း ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြော​ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်၊ အ.ထ.က(ရွာသစ်ကြီး)တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ ကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ ယနေ့ နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း(ရွာသစ်ကြီး)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားအကပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စု‌နေ့ အထိမ်းအမှတ်တိုင်းရင်းသား အကပြိုင်ပွဲနှင့် ဆုပေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဒဂုံသီရိခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

နတ်မောက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ နတ်မောက် ဖေဖော်ဝါရီ ၅ လှဝင်း (ပြန်/ဆက်)

ပလောက်မြို့၊ အမှတ်(၄) ရပ်ကွက်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.ကခွဲ ( ဝါးဇွမ်းအုပ်) ကျောင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အ.လ.က ( ခွဲ)  ဝါးဇွမ်းအုပ်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းယောင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ မိုင်းယောင်း ဖေဖော်ဝါရီ ၅ ဝေဝေခိုင်(ပြန်/ဆက်)

ခန္တီးမြို့နယ်၌ ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်နှင့် ဆေးလိပ် သောက်ခြင်း အန္တရာယ်အသိပညာပေး Talk Show ကျင်းပ

ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်နှင့် ဆေးလိပ် သောက်ခြင်း အန္တရာယ်အသိပညာပေး Talk Show ကျင်းပ ပျဉ်းမနား ဖေဖော်ဝါရီ ၅ မျိုးသီဟ(ပြန်/ဆက်)

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးပညာရေးဒီဂရီကောလိပ်၏ ၂၀၂၄/၂၀၂၅ ပညာသင်နှစ်၊ ကျောင်းတွင်းအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ ၃၂×၃၄ လမ်းကြား၊ ၆၆ လမ်းရှိ မန္တလေးပညာရေး ဒီဂရီကောလိပ်၊ လေးထပ်စာသင်ဆောင်ရှေ့ ကွင်းပြင်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to