မင်းလှမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မင်းလှ ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊ မင်းလှမြို့၌ မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားကို အ.ထ.ကမင်းလှ(မြို့တွင်း) သပြေခန်းမ၌ ဇန်နဝါရီ ၃ ရက်နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်သည်။

စုံညီပွဲတော်ကို ကျောင်းသား/သူလေးများက "ပညာ့ပန်းခင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေး၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြည်ကြည်ချိုက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မြို့နယ်/ခရိုင်/တိုင်းအဆင့်စွမ်းရည်ဆု၊ စာပေဆုရရှိ‌သော ကျောင်းသား/သူများနှင့် မြို့နယ်အဆင့်ဘက်စုံပညာရည်ချွန်ဆုနှင့် အားကစားဆုရရှိသော ကျောင်းသား/သူများ၊ သန့်ရှင်း၍ စိမ်းလမ်းစိုပြည်သော ကျောင်းဆုရရှိသူများ၊ အာဇာနည်နေ့၊ အမျိုးသမီးများနေ့နှင့်ကမ္ဘာ့ဆရာများနေ့၊ အထိမ်းအမှတ်စာပေပြိုင်ပွဲတို့တွင်ဆုရရှိသော ဆရာဆရာမများနှင့် ကျောင်းသား/သူများတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုပေါင်း(၁၂၂)ခုအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား/သူလေးများက အကပဒေသာဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြ‌ဖျော်ဖြေခဲ့‌ကြောင်း မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၅၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး (၄)ကျောင်းရှိရာကျောင်းများအသီးသီး၌ ပညာရေးစုံညီပွဲတော်များကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)