ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် မဲပေးခွင့်ရှိသူနိုင်ငံသားတိုင်း မဲပေးခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ရည်ရွယ်ချက်ဖြင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ယမန်နေ့ နံနက် ၁၁ နာရီက အမှတ် (၃) ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ ဆောင်းသီးနှံ အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း ၅၀၉၃ ဧကစိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း ၅၀၉၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အလုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မဲရုံအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စကားဖြူခန်းမ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က အလုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်၊ အ.ထ.က(၁)ကြံခင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

မလှိုင်မြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ

မလှိုင်မြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ မလှိုင် ဇန်နဝါရီ ၆ မလှိုင်(ပြန်/ဆက်)

မြစ်သားမြို့နယ်၌ (၇၈) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်

မြစ်သားမြို့နယ်၌ (၇၈) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့် မြစ်သား ဇန်နဝါရီ ၆ ရဲနိုင်ဦး(မြစ်သား)

ကွမ်းခြံကုန်းမြို့နယ်၌ ပညာရေးကော်မတီဥက္ကဋ္ဌဖလား (U-10/U-18) အ‌ခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား (U-10/U-18) အ‌ခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ဇန်နဝါရီ‌ ၄ ရက်နေ့ ညနေ ၃ နာရီက အောင်ဆန်းသူရိယလှသောင်းအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓမ္မပါလမဟာဝိဟာရကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်နှင့်စားသုံးဆီများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးတိပိဋကဓမ္မပါလမဟာဝိဟာရကျောင်းတိုက်ကြီးရှိ ဆရာတော်၊သံဃာတော်များ စိတ်အေးချမ်းသာစွာဖြင့် ပရိယတ္တိ၊ပဋိပတ္တိတရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန် ရည်ရွယ်၍   တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်နှင့်စားသုံးဆီများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးရှိ ဓမ္မဝိနယဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီ/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။

တနင်္သာရီမြို့နယ် ချောင်းကြီးရပ်ကွက်နှင့်ချောင်းငယ်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)တွင် ပါဝင်သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို  ယနေ့နံနက်ပိုင်းက ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက် ဓမ္မာရုံများတွင် ကျင်းပခဲ့သည်။

မြောင်းမြမြို့၌ Mobile Library Bus ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သည့်ဝန်ထမ်းများနှင့်၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နံနက်ပိုင်းက အ.ထ.က ၇၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မူလွန်ကွမ်းခြံကျောင်းနှင့် အ.မ.ကကြာဖူးငုံကျောင်းများသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
Subscribe to