မြိတ်မြို့တွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် သတိပေးနှိုးဆော်ခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ရေပုန်းရပ်ကွက် ငြိမ်းချမ်းရေးရပ်တွင် တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခဲ့ကြသည်။

ထားဝယ်မြို့အတွင်း (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၇ခုနှစ်၊ (၁၅)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်ပဒေသာပင် လှည့်လည်ပူဇော်ပွဲကိုယနေ့နံနက်ပိုင်က ထားဝယ်မြို့အတွင်းစည်ကား သိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်ခံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ပေါင်းတည်၌  ဆောင်းရာသီ ဟင်းသီးဟင်းရွက်မျိုးစုံ ၅၈၁၀ ဧက စိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌  တောင်သူများသည် ကန်ရေ၊ ချောင်းရေ၊ မြေအောက်ရေများဖြင့် ဆောင်းရာသီ ဟင်းသီးဟင်းရွက်မျိုးစုံကို  စတင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့ မဟာပျိုးခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆဌမအကြိမ်မြောက်စုပေါင်းမဟာဘုံ ကထိန်အလှူတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မဟာပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆဌမအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် မင်္ဂလာအုဠ်‌ကျောင်းရှိ ဧဟိပဿိကဓမ္မာရုံ၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်း သွေးလှူဒါန်းပွဲသို့တက်ရောက်

နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၃၇)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ ၉ နာရီက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့်ပြင်ပလူနာဌာနအပေါ်ထပ်၊ အမျိုးသား သွေးလှူဘဏ်၌ကျင်းပသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်လုံးဆိုင်ရာ ၁၃၈၇ ခုနှစ် တန်ဆောင်တိုင်ပွဲတော် (ပဉ္စမ)အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်လုံးဆိုင်ရာ ၁၃၈၇ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော် (ပဉ္စမ) အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်အခမ်းအနား ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၉)နာရီ၌ အမှတ်(၃) ရပ်ကွက်၊ အောင်စန္ဒာဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ (၅၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်လုံးဆိုင်ရာ (၅၅)ကြိမ်မြောက် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များအား မြတ်ဗုဒ္ဓရုပ်ပွားတော်နှင့်အတူ ယမန်နေ့က မော်တော်ယာဉ်များဖြင့် မြို့ပတ်လမ်းအတိုင်းလှည့်လည် ပူဇော်ခဲ့ပြီး ယနေ့နံနက် ၉ နာရီခွဲက ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို တပ်နယ်ရှိ ရန်ကြီးအောင်ခန်းမတွင် ကျင်းပသည်။

လွိုင်ကော်မြို့၊ သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ်ရွှေစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းအောင်ပွဲနှင့် (၃၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကျက်သရေဆောင် သမိုင်းဝင်ဆုတောင်းပြည့် မြို့နာမ် ရွှေစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ (၃၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော် ရင်ပြင်တော်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ရပ်နီးရပ်ဝေးမှ ဧည့်သည်တော်များ တက်ရောက်ကြသည်။

ကလိန်အောင်မြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဘောလုံးကွင်း၌ ယမန်နေ့ ညနေ ၃ နာရီက ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စုပေါင်း၍ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရသည်။
Subscribe to