ငဖဲမြို့နယ်၌ မြို့လုံးကျွတ် ဌာနဆိုင်ရာစုပေါင်း မဟာဘုံကထိန် ပဒေသာပင်လှည့်လည်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မရပ်ကွက်နှင့် ကျောင်းတွင်းရပ်ကွက်အတွင်းရှိ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ မြို့လုံးကျွတ် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ကထိန်ပွဲကျင်းပပြုလုပ်မည့် ကျောင်းတွင်းရပ်ကွက်ရှိ ကုန်းမြင့်ရတနာ ဘုန်းတော်ကြီးကျောင်းသို့ စီတန်းလှည့်လည် ကျင်းပပို့ဆောင်ခဲ့သည်။

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ၃၆ ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်းပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ၃၆ ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်း ပူဇော်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

တောင်ကြီးမြို့၌ (၇၅)ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော် ပဒေသာပင်လှည့်လည် ပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ (၇၅)ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော် ပဒေသာပင်လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာလ(၃)ရက် နံနက်(၈)နာရီခွဲကတောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရဲစခန်းရှေ့တွင် စုရပ်(၁)နှင့် ခမ်းလီစိန်ရွှေရတနာ ဆိုင်ရှေ့ ကုန်သည်လမ်းတွင်စုရပ်(၂)ဖြင့်စတင်လှည့်လည်ကြသည်။

၂၀၂၅ ခုနှစ် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဒုတိယရက်တွင် ဈေးလာရောက် ဝယ်ယူသူ ပြည်သူများဖြင့် စည်ကား

၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဒုတိယရက် နိုဝင်ဘာလ (၂) ရက်နေ့ ညပိုင်းက ဈေးလာရောက် ဝယ်ယူသူ ပြည်သူများဖြင့် စည်ကားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့နေ အများပြည်သူများနှင့်အတူ နိုင်ငံခြားသားများကလည်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ဆုတောင်းပြည့်ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၄)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၄)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲအခမ်း အနားအား ယမန်နေ့ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ  တက်ရောက်ခဲ့ကြသည်။

အဆင့်မြင့် သတင်းအချက်အလက်နည်းပညာများဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ညီလာခံ The 6th International Conference on Advanced Information Technologies (ICAIT 2025) အခမ်းအနား ကျင်းပ

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ကြီးမှူးကျင်းပသော ဆဋ္ဌမအကြိမ်မြောက် အဆင့်မြင့် သတင်းအချက်အလက်နည်းပညာများဆိုင်ရာ The 6th International Conference on Advanced Information Technologies (ICAIT 2025) အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MICT Park၊ ညီလာခံခန်းမတွင် ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ်တွင်ပြုလုပ်သည့် မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်၊ Myanmar National League 2025-2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြို့နယ်၊ ကျုံဝါးကျေးရွာရှိ နည်းပညာပြန့်ပွားရေး စင်တာတွင်မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး တောင်သူများထံသို့ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၏ (၃၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၏ (၃၈)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃ ရက်၊ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ဇနီး၊ မကွေးတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာအလှူရှင်များ တက်ရောက်ခဲ့ကြသည်။

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တရုတ်လှအခြေခံပညာ အထက်တန်းကျောင်းရှိ RC တစ်ထပ်ကျောင်း ဆောင်သစ်ဖွင့်လှစ်

နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာ ၊ အခြေခံပညာအထက်တန်းကျောင်းရှိ (၉၀ ပေ x ၃၀ပေ) RC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက အဆိုကျောင်း ဆောင်သစ်ရှေ့၌ ကျင်းပသည်။

သဲကုန်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်  (သာမညဖလအခါတော်နေ့)၌  ဥပုသ်သီလဆောက်တည်သူများ၊ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် စတုဒီသာ ကျွေးမွေးသူများဖြင့်စည်ကား

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာနေ့ထူးနေ့မြတ်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများနှင့် စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိသည်။
Subscribe to