ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ ကျိုက်ပံကရုံစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်

ဘားအံ ဧပြီ ၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဇာသပြင်ကျေးရွာရှိ ကျိုက်ပံကရုံစေတီတော်မြတ်ကြီး၏ ထီးတော်တင်လှူပူဇော်ပွဲကို ဧပြီ ၁ ရက် နံနက် ၈ နာရီက အဆိုပါစေတီတော်တည်နေရာ၌ ကျင်းပရာ ကော့သင်းတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမအမှူးပြုသော ဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြီးပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ဖူးမြော် ကြည်ညိုသည်။

ကျိုက်ပံကရုံစေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲမင်္ဂလာအခမ်းအနားသို့ ကော့သင်းကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမအမှူးပြုသော ဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြသည်။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စေတနာရှင်၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ကော့သင်းတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ယင်းနောက် ဆရာတော်ကြီးများကဦးဆောင်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက ငှက်မြတ်နားတော်နှင့်စိန်ဖူးတော်တို့ကို ပင့်ဆောင်၍ မင်္ဂလာရထားပျံဖြင့် စေတီတော်ကြီး၏ထီးတော်ကြီးဘုံအဆင့်ဆင့်နှင့် ငှက်မြတ်နားတော်နှင့်စိန်ဖူးတော်တို့ကို တင်လှူပူဇော်ခဲ့ကြကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)