ရန်ကင်း ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ လှူဒါန်းပေးအပ်သော စာအုပ်စာစောင်များ လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက စာအုပ်စာစောင်များလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များသို့လှူဒါန်းသော စာအုပ်စာစောင်များအား ပေးအပ်ခဲ့ရာ ရန်ကင်းမြို့နယ်အတွင်းရှိ ရန်ကင်းဂုဏ်ရည်ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်နှင့် မြို့မကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တို့မှ စာကြည့်တိုက်ကော်မတီ၀င်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ရဲလေး(ပြန်ဆက်)