ရွှေသောင်ယံမြို့တွင် မွေးကင်းစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆာင် မိခင်များအားပုံမှန်ကာကွယ်  ဆေးများထိုးနှံတိုက်ကျွေး

ရွှေသောင်ယံ ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ရွှေသောင်ယံမြို့ ၊ အမှတ်(၂)ရပ်ကွက်ရှိ ကျေးလက် ကျန်းမာရေး ဌာနခွဲတွင် ယနေ့နံနက်(၁၀)နာရီက မွေးကင်းစမှ အသက်နှစ်နှစ်အောက်က လေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်  ဆေးများကိုထိုးနှံတိုက်ကျွေး ပေးခဲ့ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံတိုက် ကျွေးရာတွင် ရှေးဦးစွာကလေးငယ်များအား ပေါင်ချိန်ခြင်း လုပ်ငန်းများဆာင်ရွက်ပေးပြီး ကာကွယ်ဆေးများဖြစ်သည့် ဝက်သက်၊ ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဘီစီဂျီ၊ ငါးမျိုးစပ်၊ ပြင်းထန်အဆုတ်ရောင် (pcv)၊ ပိုလီယို၊ တီဘီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆာင်မိခင်များအတွက် မေးခိုင်ရောဂါကာကွယ် ဆေးများကို တိုက် ကျွေးခဲ့ကြောင်းသိရသည်။

ကိုကိုမောင်