မိုးညှင်းမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဌာနဆိုင်ရာပေါင်းစုံနှင့် အသက် (၂၅)နှစ်အောက် (အမျိုးသား)ဖူဆယ်ပြိုင်ပွဲ ကျင်းပ

မိုးညှင်း   ဧပြီ   ၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်/မြို့နယ်ဌာနဆိုင်ရာပေါင်းစုံနှင့် အသက်(၂၅)နှစ်အောက် (အမျိုးသား)ဖူဆယ်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ ဖူဆယ်မိုးညှင်းအားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ပြိုင်ပွဲဝင်အားကစားအသင်းများမှ တက်ရောက်လာသည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား အလေးပြုကြပြီးနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားဖြစ်သည့် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန်အတွက် ကစားသမားကောင်းများရရှိစေရန်နှင့် ဌာနဆိုင်ရာညီကိုမောင်နှမများအချင်းချင်း စုစည်းတွေ့ဆုံကာ ချစ်ခင်ရင်းနှီးမှုရရှိကြစေရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများအား ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဘောလုံးကန်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ဧပြီလ(၁)ရက်မှ (၃)ရက်အထိ သုံးရက်ကြာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ပေါင်းစုံနှင့် အသက်(၂၅)နှစ်အောက်မှ အသင်းစုစုပေါင်း ရှစ်သင်းဖြင့် အုပ်စုနှစ်စုခွဲ၍ အသင်းပတ်လည် ယှဉ်ပြိုင်ကစားကြလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း