အလုံမြို့နယ်တွင် ပုဂ္ဂလိကယာဥ်များနှင့်သယ်ပို့ဆောင်ရေးယာဥ်များ စုံရက်၊ မရက် သတ်မှတ်ထားသည့်အတိုင်း မောင်းနှင်မှု ရှိ / မရှိစိစစ်

အလုံ၊ ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊‌ အောက်ကြည့်မြင်တိုင်လမ်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပုဂ္ဂလိကယာဥ်များနှင့် သယ်ယူပို့ဆောင်ရေးယာဥ်များသည် စုံရက်၊ မရက် သတ်မှတ်ထားသည့်အတိုင်း မောင်းနှင်မှု ရှိ/ မရှိ မြို့နယ်ပူးပေါင်းစိစစ်ရေးအဖွဲ့ဖြင့် စိစစ်ဆေးခဲ့သည်။

ထိုသို့ မော်တော်ယာဉ်များအားစစ်ဆေးဆောင်ရွက်ရာတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေနှင့်အညီ သတ်မှတ်ရက်အတိုင်း မောင်းနှင်မှုမရှိသည့် ယာဥ် (၅) စီးအား ပုဒ်မ-၉၆ သတ်မှတ်ရက်မလိုက်နာမှုဖြင့် တရားရုံး၌ဒဏ်ငွေဆောင်စေရေး အမှတ် (၅၀) ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ ချလံဖြတ်ပေးခဲ့သည်။

အဆိုပါ စိစစ်ဆေး‌ခြင်းကို အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ဦးမျိုးဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးထင်ဝင်းကျော်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်လင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး မျိုးမင်းထွန်းတို့ပါ၀င်သော ပူးပေါင်းအဖွဲ့ဖြင့်စိစစ်ခဲ့ကြောင်း သိရသည်။

ရွှေလုံသား (ပြန်/ဆက်)