မိုင်းယန်း ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပမည်ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား ယမန်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မဲပေးစက်များထုတ်ပေးနေမှုအား မိုင်းယန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းရှိ မဲရုံ (၂၃)ရုံတွင် အသုံးပြုမည့် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျစီမံ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများလက်ဝယ်သို့ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထွန်းထွန်းထူး