သဲဖြူဆရာတော်ကြီးအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးပါဝင်မှု၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးပေးမှုနှင့် အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သော အခမဲ့မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကုသလိုသော မျက်စိအာရုံ ချွတ်ယွင်းသူများကို စက္ခုအလင်းကျန်းမာရေး အလှူတော်အဖြစ် မျက်စိစမ်းသပ်၊ ခွဲစိတ်ကုသခြင်း စရိတ်စကများအပြင် မျက်ကပ်မှန်၊ မျက်မှန်များပါမကျန် လိုအပ်သည်များကို ကုသိုလ်ပြုလှူဒါန်းဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ပြည်နယ်၏ကျန်းမာရေးကဏ္ဍတွင် ထူးခြားသည့်လူမှုရေးဆောင်ရွက်ချက် မှတ်တိုင် တစ်ခုအဖြစ် စိုက်ထူနိုင်ခဲ့ကြောင်း၊ ယခုလိုမျက်စိကျန်းမာရေး အလှူတော်အစီအစဉ်မျိုးကို နှစ်စဉ်လာရောက်ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် မျက်စိကျန်းမာရေးနှင့် လိုအပ်သည့် အခြားပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။