ကျောင်းကုန်းမြို့နယ် အ.ထ.က ဒေါင့်ကြီးကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဒေါင့်ကြီးအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ မိနစ် အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဒေသထွက် ဓနိများ ရောင်းအားကောင်းမွန်၍ မိသားစုစားဝတ်နေရေးအဆင်ပြေပြီး ဝင်ငွေအပိုရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ဒေသထွက်ဓနိများ ရောင်းအားကောင်းမွန်၍ မိသားစုစားဝတ်နေရေးအဆင်ပြေပြီး ဝင်ငွေအပိုရရှိကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲ ကျင်းပ

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ၊ နယ်မြေခံသင်တန်းကျောင်းတွင်ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်မြေခံသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်မျိုးမင်းသန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်၊ ဗိုလ်မှူးကြီးသက်ပိုင်ဇော်၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။

လင်းခေးတွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် နယ်မြေလုံခြုံရေးအခြေအနေအရ မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ယမန်နေ့နံနက်ပိုင်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်‌‌သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရန်ကင်းမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

သာယာဝတီ၌ မီးဘေးသင့်နေအိမ်တစ်လုံးအတွက် အလှူငွေနှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ပေးအပ်

​ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဖေ‌ဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မီးလောင်ဆုံးရှုံးခဲ့သော သုံးဆယ်မြို့၊ အနောက်ရိုးကြီးရပ်ကွက်၊ အနောက်လမ်းသစ်တန်းလမ်းနေအိမ်၌ အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့​သည်။
Subscribe to