ပေါင်းတည် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် တိုင်း၊ ခရိုင်ကော်မရှင်အဖွဲ့များသည် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ် ၁၂ ရပ်ကွက်ရှိ မဲရုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်အတွင်း မဲရုံပြင်ဆင်ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိတို့က လိုက်လံရှင်းလင်းပြသခဲ့ကြပြီး တိုင်းကော်မရှင်အဖွဲ့မှ ဦးစိုင်းသန်းအောင်၊ ဦးအေးလှိုင်၊ ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးကြည်မြနှင့် တာဝန်ရှိသူများက မဲရုံတာဝန်ရှိသူများအား လိုအပ်သည်များအား မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)