လင်းခေး မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ယနေ့ နံနက် ၈ နာရီက မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ရှိ ကျောင်းစိုက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးပွဲမကျင်းပမီ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတ်ိယရဲမှူးကြီး နေမိုး၊ ခရိုင်သစ်တောဦးစီးဌာနမှူး ဦးအမ်ခေါဆောဝ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှူးဦး အောင်မိုးတို့က ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ တစ်ဦးချင်းအလိုက် ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြပြီး၊ စုပေါင်းသစ်ပင်စိုက်ပွဲကို စတင်ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က တက်ရောက်လာသူများ သစ်ပင်စိုက်ပျိုးနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ စိုက်ပျိုးပွဲကို ရုတ်သိမ်းလိုက်သည်။ယနေ့စိုက်ပွဲတော်တွင် မာတာကွတ်(၅၀)ပင်၊ စိန်ပန်း(၅၀)ပင်၊ ကုက္ကိုလ်(၁၀၀)၊ မယ်ဇလီ(၁၅၀)၊ စ်ိန်တံချူ(၁၅၀)၊ ကျွန်း(၅၀)ပင်နှင့် ရေတမာပင်(၅၀)ပင် စုစုပေါင်းပျိုးပင်(၆၀၀)ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
စိုက်ပွဲတော်သို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား(၁၄၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်း ခေး)ခရိုင်ပြန်/ဆက်