ကေ့ာကရိတ် မေ ၂၂
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ အမှတ်(၄) ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် အဝတ်တံမြက်စည်း လုပ်ကိုင်ရောင်းချလျက်ရှိရာ မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဝတ်တံမြက်စည်းပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ်အဝတ်ပိတ်စများ၊ ကြိမ်ဝါး၊ ကော်ထောင့်၊ ပလပ်စတစ်ကြိုးတို့ဖြင့် ပြုလုပ်ရပြီး ကြိမ်ဝါးများကို မော်လမြိုင်မြို့မှ ဝယ်ယူ၍ပြုလုပ်ရသည်။ လူတစ်ဦး ပိတ်စညှပ် ပြီးသားရှိလျင် တစ်နေကုန်ပြုလုပ်ပါက တံမြက်စည်းအချောင်း ရေ ၁၈ ချောင်းကျော်အထိ ပြီးစီးကြောင်း တံမြက်စည်းလုပ်သူ ဒေါ်စန်းကြည်က ပြောသည်။
တံမြက်စည်းရောင်းဈေးကတော့ ဖောက်သည်ဈေး အတိုတစ်ချောင်း ၈၀၀ ကျပ်၊ အရှည် ၁၂၀၀ ကျပ်၊ လက်လီဈေး အတိုတစ်ချောင်း ၁၀၀၀ ကျပ်၊ အရှည် ၁၅၀၀ ကျပ်နှုန်းဖြင့် ကေ့ာကရိတ်မြို့မစျေးတွင် ရောင်းချပေးလျက်ရှိပြီး မိသားစုတစ်နိုင်တစ်ပိုင် ဝင်ငွေရရှိပါကြောင်း တံမြက် စည်းလုပ်ငန်း ရောင်းချသူထံမှ သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)