နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

နတ်တလင်း မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၉ နာရီကပြုလုပ်ခဲ့သည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို   အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးသန့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ်အလေးချိန်နှင့်အရပ်တိုင်းတာ‌ပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာ‌ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများပြုလုပ်‌ပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့)စစ်ဆေးကုသဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

ယနေ့တွင် အငြိမ်စားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၅၆)ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာအေးအေးသန့်ထံမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)