ငွေဆောင်မြို့ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် Abate ဆေးခတ်ခြင်း လုပ်ငန်းဆောင်ရွက်

ငွေဆောင် မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်() ,() ,() ရပ်ကွက်များအတွင်းရှိ စာသင်ကျောင်း()ကျောင်းတွင် မြို့ဌာနဆိုင်ရာများ၊ ကျေးလက်ကျန်းမာရေးဆရာမ ()ဦး၊ ကြက်ခြေနီအဖွဲ့ဝင် ()ဦးနှင့် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးများမှ ယနေ့ နံနက်() နာရီအချိန်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြ သည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် မိုးရွာသွန်းပြီး ခြင်ပေါက်ဖွားမှုများပြားလာခြင်း၊ မိုးဦးကျရာသီ ဖြစ်ခြင်းနှင့် မကြာမီအချိန်အတွင်း စာသင်ကျောင်းများ ပြန်ဖွင့်တော့မည်ဖြစ်၍ ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ငှက်ဖျားရောဂါ ကင်းဝေးစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်(Abate) ဆေးခတ်ခြင်းအား စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။ အမှတ်()ရပ်ကွက်ရှိ အမှတ်(၂၀၆) ..ကဇီးမော်၊ အမှတ်() ရပ်ကွက်ရှိ အမှတ်(၂၀၁) ..က ကျောက်ကြီးနှင့် အမှတ်() ရပ်ကွက်ရှိ အ..ကငွေဆောင်စာသင်ကျောင်းတို့တွင် ရေတင်ရှိနေသော စည်ပိုင်းများ၊ ရေပုံးများနှင့် ရေတိုင်ကီများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် ရေတိုင်ကီများ၊ ရေကန်များအားအဘိတ်(Abate) ဆေးခတ်ခြင်းအား ဆောင်ရွက်ခဲ့ ကြသည်။ ရပ်ကွက်၊ ကျေးရွာများ အတွင်းတွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

R – O14(ငွေဆောင်)