ငါးသိုင်းချောင်းမြို့တွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အဘိတ်(Abate )ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့ နံနက်(၈) နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်တိုးချဲ့လမ်းများတွင် ဆောင်ရွက်ခဲ့ကြ သည်။

နတ်တလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်  အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သဘာဝဘေးဒဏ်သင့် ရခိုင်ပြည်နယ်သို့ ကျောင်းကုန်းမြို့မှ အုန်းပင်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အုန်းပင်နှင့် စားနပ်ရိက္ခာ များကို ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် သဘာဝဘေးဒဏ်သင့်သည့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် ယနေ့ နံနက်က မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်လျက်ရှိသည်။

ဇီးကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

"၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်  အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အဆောက်အဦများအား ရှေးမူမပျက်ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းအဆောက်အဦများ၊ စေတီပုထိုးများ၊ ဂူဘုရားများအား ရှေးမူမပျက်ပြန်လည်း ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူများထံက သိရသည်။

မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း (လပွတ္တာ)၌ ဖွင့်လှစ်သည့် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်၊ လက်ကိုင်ဖုန်းပြင်သင်တန်းဖွင့်ပွဲနှင့် မြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်းရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း(လပွတ္တာ)၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၈)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၅)၊ ဂဟေသင်တန်း အမှတ်စဉ် (၁၅)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၁၀)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲ များအား ယမန်နေ့ နံနက်ပိုင်းက လပွတ္တာ(၃)မိုင်မြို့သစ်ရှိ အဆိုပါ သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းများ စတင်အပ်နှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံ‌ရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ် အခြေခံပညာ ကျောင်းပေါင်း(၂၀၀)တွင် ကျောင်းသား/သူများကို ကျောင်းအပ်စတင် လက်ခံ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း (၂၀၀)တွင် သက်ဆိုင်ရာ ဆရာ၊ ဆရာမများက ကျောင်းသား/သူများကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
Subscribe to