သဘာဝဘေးဒဏ်သင့် ရခိုင်ပြည်နယ်သို့ ကျောင်းကုန်းမြို့မှ အုန်းပင်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း

ကျောင်းကုန်း မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အုန်းပင်နှင့် စားနပ်ရိက္ခာ များကို ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် သဘာဝဘေးဒဏ်သင့်သည့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် ယနေ့ နံနက်က မော်တော် ယာဉ်ပေါ်သို့ တင်ဆောင်လျက်ရှိသည်။

ကျောင်းကုန်းမြို့နယ်အတွင်းရှိ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အုန်းပင်(၂၀၀)ပင်၊ ဆန်(၁၅)အိတ်၊ ဆီ(၂၅)ပိဿာ၊ ငါးခြောက် ပိဿာ(၃၀)နှင့် ကြက်ဥအလုံး (၁၀၀၀)တို့ကို ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပြီး ပုသိမ်မြို့မှတစ်ဆင့် ပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)