နတ်တလင်း မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်း (၂၃၇)ကျောင်းတို့တွင် ကျောင်းလာအပ်ကြသော မူလတန်းအဆင့် ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းသုံးပုံနှိပ်များ၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဘောပင်၊ ခဲတံ၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား အခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းအပ်နှံခြင်းများကို နတ်တလင်းမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးဒေါ်အေးအေးသောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများကကြီးကြပ်၍ ဆရာ/ဆရာမများက ယနေ့မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)