၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်

ကြို့ပင်ကောက် မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်  အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်းများတွင် ပညာသင်ကြားရန်အတွက် ကျောင်းလာအပ်ကြသော မူလတန်းအဆင့် ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့်ကျောင်းသုံးပုံနှိပ်များ၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဘောပင်၊ ခဲတံ၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား အခမဲ့ပံ့ပို့ပေးသွားမည်ဖြစ်ပြီး အခကြေးငွေကောက်ခံခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ကျောင်းအုပ်ဆရာကြီးတစ်ဦးထံမှ သိရသည်။

ကြို့ပင်ကောက်မြို့တွင် အခြေခံပညာကျောင်းစုစုပေါင်း ၁၇၁ ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ယခုနှစ်တွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ပိုင်ကျောင်းများတွင် လက်ခံသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)