လှိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

လှိုင်   မေ   ၂၃

သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက်  သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့‌‌ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းသီတာမိုးနှင့် လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးစိုးမင်းတို့က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရေထဲတွင် ရေကူးခြင်းလမ်းလျှောက်ခြင်းမပြုလုပ်ရန်၊ လျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန်၊ မိသားစုဝင်များပျောက်ဆုံး၊ ကွဲကွာပါက သက်ဆိုင်ရာသို့ကြောင်းကြားရန်၊ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကိုလိုက်နာရန်၊ အမှိုက်များအား စနစ်တကျရှင်းလင်းခြင်း၊ တိရစ္ဆာန်အသေကောင်များအား စနစ်တကျမီးရှို့ခြင်း (သို့) မြေမြုပ်ခြင်းများပြုလုပ်ရန်၊ အန္တရာယ်ရှိနိုင်သော ဓာတ်တိုင်များ၊ သစ်ပင်သစ်ကိုင်းများကို သတိပြုရှောင်ရှားပြီး သက်ဆိုင်ရာသို့ အကြောင်းကြားကာ ပူးပေါင်းကူညီဆောင်ရွက်ရန်၊ သဘာဝဘေး၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများကို ဂရုပြုရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းသီတာမိုး(ပြန်/ဆက်)