စမ်းချောင်းမြို့နယ် အခြေခံပညာကျောင်းပေါင်း (၂၈) ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်

စမ်းချောင်း    မေ   ၂၃                

ရန်ကုန်တိုင်းဒေသကြီး၊  အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၈)ကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက် ()နာရီက စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်အတွင်း "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ  ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံစသည့်ပစ္စည်းများကို  နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

စမ်းချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ()ရက်နေ့တွင် စတင်တက်ရောက်ရမည်ဖြစ်ပြီး အထက်တန်းကျောင်း ()ကျောင်း၊ အလယ်တန်းကျောင်း ()ကျောင်း၊ မူလတန်းကျောင်း (၁၈)ကျောင်း၊ ကိုယ်ပိုင်ကျောင်း ()ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း ()ကျောင်း၊  စုစုပေါင်း (၂၈ ) ကျောင်းရှိကြောင်း သိရသည်။

နီလာစိုး