ကေ့ာကရိတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်

ကေ့ာကရိတ်  မေ  ၂၃

ကရင်ပြည်နယ်၊ကေ့ာကရိတ်မြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယနေ့နံနက်(၉)နာရီကစတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်လက်ခံခြင်းကို အသက်(၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)တွင်အပ်နှံ၍ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်ရာတွင် မည်သည့်အခကြေး ငွေမျှ ပေးသွင်းရန်မလိုဘဲ ကျောင်းသားကျောင်းသူများကို ကျောင်း သုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို အခမဲ့ထုတ်ပေးခဲ့သည်။

အဆိုပါကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထား ပြီး မူလတန်းကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်(၁)စုံ၊ ကျောင်းသုံးဗလာ စာအုပ်(၁)ဒါဇင်၊ ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံ(၁)စုံနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ် (၁)စုံ၊ ကျောင်းသုံး ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၂)ချောင်း ကို အခမဲ့ထောက်ပံ့ပေးအပ် သွားမည်ဖြစ် ကြောင်း ကေ့ာကရိတ်မြို့နယ်တွင် စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း(၂၉၆)ကျောင်းရှိရာ (၂၂၃)ကျောင်း ကျောင်းအပ်လက်ခံလျက်ရှိပြီး မေလ( ၂၃)ရက်နေ့မှ မေလ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်  ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ()ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်၍ ကျောင်းသင်ခန်းစာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ညာရေးမှူးရုံးမှ သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)