ကျိုင်းတုံမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်

ကျိုင်းတုံ မေ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်  ယမန်နေ့ မြို့နယ်အတွင်း အခြေခံပညာကျောင်း များတွင် စတင်လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄  ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်မှ ၃၁ ရက်အထိ ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ မူလတန်းမှ အထက်တန်းအထိ ကျောင်းအပ်နှံ၊ လက်ခံခြင်းကို မေ ၂၃ ရက်က နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာ အတန်းများအလိုက် လာရောက်အပ်နှံ လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)