ထန်းတပင်မြို့နယ် စိမ်းလန်းစိုပြေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း( ၂၅၀၀၀ )ပျိုးထောင်ထားရှိ

ထန်းတပင်(ပဲခူး) မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် သစ်တောဦးစီးဌာနမှလာမည့်မိုးရာသီတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း(   ၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးနိုင်ရန်ပျိုးထောင်ထားရှိကြောင်း သိရသည်။

အဆိုပါပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာနပျိုးဥယျာဥ်တွင် အပင်(၂၅၀၀၀)ပင်စိုက်ပျိုးထားရှိသည်။ ဒေသတွင်းစိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်တိုးတက်ကောင်းမွန်လာစေရေးအတွက် လာမည့်မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးရန်နှင့် ကျေးလက်ပြည်သူလူထုများသို့ ဖြန့်ဝေပေးရန်ကျွန်(၅၀၀၀)ပင်၊ မန်ဂျန်ရှား(၁၀၀၀၀)ပင်၊ စိန်ပန်း(၅၀၀၀)ပင်၊ ယမနေ(၅၀၀၀)ပင် စုစုပေါင်း(၂၅၀၀၀)ပင်အား ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မြို့နယ်( ပြန်/ဆက်)