ဒလ မေ ၂၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ဌားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရုံးနှင့် မြို့နယ်သမဝါယမရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သောဌာနဆိုင်ရာ စာဖတ်ပရိတ်သတ်များအနေဖြင့် စာပေကိုလွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်သူများ စာပေဖတ်ရှုမှုအလေ့အကျင့်မှသည် စာဖတ်ရှိန်တိုးတက်မြှင့်မားလာစေရန်၊ ပြင်ပဗဟုသုတများ ပိုမိုသိရှိလာစေရန် စာဖတ်ဝါသနာရှင်များ အဆင်ပြေစွာဖတ်ရှုနိုင်ရေး အတွက် သုတ၊ ရသ၊ မဂ္ဂဇင်း၊ရုပ်ပြနှင့်ဝတ္ထု အစရှိသော စာအုပ်၊ စာစောင် (၆၀)အုပ်ကို အခမဲ့ သွားရောက်ငှားရမ်းပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်ဌားရမ်းပေးခြင်းကို ဌာနဆိုင်ရာနှင့် စာသင်ကျောင်းများသို့ အလှည့်ကျသွားရောက် ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)