ဒလ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် မေလ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်၍ ကျောင်းအပ်နှံခြင်းများ လက်ခံနေပြီ ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနမှ (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့အပ်နှံရန်၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရန်နှင့် ကျောင်းများအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှကောက်ခံမှုမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ(အခမဲ့)ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအသီးသီးတွင် ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သတင်းရရှိသည်။
မြင့်ဇော်(ပြန်/ဆက်)