ပိုင်ကျုံ မေ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ (Community Centre)ခန်းမ၌ မိဘပြည်သူများနှင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင် ကာကွယ်ရေးအကြောင်း သိကောင်းစရာများကို အသိပညာ ဗဟုသုတ ပိုမိုရရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show)ဆွေးနွေပွဲ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်အိသဲချိုက (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြာပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဆိုတာဘာလဲ၊ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲရ သည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသည် လူငယ်များအတွက် အန္တရာယ်ရှိပုံနှင့် လူငယ်များ မူးယစ်ဆေးသုံးစွဲခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများ စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးရေး လုပ်ငန်းဖြစ်သည့် (Talk Show) ဆွေးနွေးပွဲများကို Online မှတဆင့် လစဉ်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ခူး( ပြန်/ဆက်)