ဘားအံခရိုင် Community Centre တွင် အင်္ဂလိပ်စာစွမ်းရည်သီချင်းဆိုပြိုင်ပွဲပြုလုပ်

ဘားအံ  မေ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ အင်္ဂလိပ်စာအခြေခံ (Grammar)သင်တန်းကို မေလ(၄)ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်း (၁)နာရီခန့်က အင်္ဂလိပ်စာစွမ်းရည် Group Song သီချင်းဆိုပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အင်္ဂလိပ်စာစွမ်းရည် Group Song သီချင်းဆိုပြိုင်ပွဲတွင် နွေရာသီအခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းတက်ရောက်နေသည့် သင်တန်းသား/သင်တန်းသူများမှ အုပ်စု(၃)စုဖွဲ့၍ One Day၊  Monster၊  Roar သီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အကဲဖြတ်ဒိုင်များအဖြစ် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြပြီး ပထမဆုကို Roar သီချင်းဖြင့်ယှဉ်ပြိုင်သည့်အဖွဲ့ကလည်းကောင်း၊ ဒုတိယဆုကို One Day သီချင်းဖြင့် ယှဉ်ပြိုင်သည့်အဖွဲ့ကလည်းကောင်း၊ တတိယဆုကို Monster သီချင်းဖြင့်ယှဉ်ပြိုင်သည့်အဖွဲ့က လည်းကောင်းဆုများ အသီးသီးရရှိခဲ့ရာ ဆုရရှိသည့်အဖွဲ့များအား ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိုးစိုးအေးက ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။     

ခရိုင်ပြန်/ဆက်