မန္တလေး မေ ၂၅
ကျောင်းသားလူငယ် လူရွယ်များ အားလပ်ချိန်ကို စာပေဖတ်ရှုခြင်း၊ စာပေရေးသားခြင်းဖြင့် အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ စာစီ စာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသားလူငယ်မောင်မယ်များ စာပေဗဟုသုတကို ဖတ်ရှုရုံသာမက စာစီစာကုံးရေးသားရာတွင်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ ရေးသားနိုင်ရေးအတွက် မှတ်သားလေ့လာရေး အလေ့အကျင့် ဖြစ်စေရန်၊ စာစီစာကုံး အင်္ဂါရပ်များနှင့် ညီညွတ်စွာ ရေးသားတတ်စေရန်၊ စာအုပ်စာစောင်များကို ဖတ်ရာတွင် နည်းစနစ်တကျ အဖြတ်အတောက် မှန်ကန်စွာ ဖတ်ရှုတတ်စေရန်၊ စာပေဗဟုသုတ ကြွယ်ဝစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါ ပြိုင်ပွဲများသို့ ကျောင်းသား၊ကျောင်းသူ(၁၂)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)