ညောင်ဦး မေ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားကျောင်းသူများအား မေ ၂၃ နံနက် ၉ နာရီအချိန်မှစတင်ပြီး ကျောင်းအပ်လက်ခံလျှက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများ များပြားလျှက်ရှိပြီး မေ ၂၅ ရက်နေ့ထိကျောင်းသား ကျောင်းသူ (၂၇၀၇၂) ဦးလာရောက် အပ်နှံပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်မိမိအောင်ထံကသိရသည်။
ကျောင်းအပ်လာသည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာအတန်းအလိုက် ဆရာ၊ ဆရာမများက စနစ်တကျ ကျောင်းအပ်လက်ခံပေးလျှက်ရှိကြောင်း KG တန်းမှ Grade -12 အထိ ကျောင်းသားကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့်ဘောပင်များ ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။
ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူများ စတင်လက်ခံလျှက်ရှိသည့် မေ ၂၃ ရက်နေ့မှာပင် ညောင်ဦးခရိုင်၌ အခြေခံပညာမူလတန်းကျောင်း KG တန်းမှ G-5 (၂၀၄၁၇) ဦး၊ အခြေခံပညာ အလယ်တန်းကျောင်း Grade-6 မှ Grade-9 ထိ (၅၂၃) ဦး၊ အခြေခံပညာအလယ်တန်းကျောင်း Grade-6 မှ Grade-9 ထိ (၄၉၁၂) ဦး၊ Grade -10 မှ Grade -12 ထိ၊ ကျောင်းသားကျောင်းသူ (၁၇၄၃) ဦးလာရောက်အပ်နှံခဲ့ကာ၊ ညောင်ဦးခရိုင်၌ ကျောင်းသားကျောင်းသူ (၂၇၀၇၂) ဦး လာရောက်အပ်နှံ ပြီးဖြစ်ကြောင်း သိရသည်။
ဒီပါလင်း