ငါန်းဇွန်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်းကျင်းပ
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီ အချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးများ စုစည်းတင်ဆက်မှု “စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး”စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။