မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသည့် ဗန်းမော်ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံး လျက်ရှိသည့် ဗန်းမော်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာရဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဒေါက်တာဘဒ္ဒန္တ ကုမာရဘိဝံသ၊ သက်တော် (၉၄) ၊ သိက္ခာတော် (၇၄) ဝါ အရ မေလ (၂၅) ရက်နေ့၊ ည ၁၀ နာရီ ၁၀ မိနစ် အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူ သွားကြောင်း သိရသည်။