ကျွန်းလှ မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်မှု၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူတို့က အခမဲ့ဖြန့်ဝေသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်များအား သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံပေးအပ်ပြီး ကျောင်းအပ်လက်ခံပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်း (၂၀) ၊ ဘုန်းတောက်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း၊ စုစုပေါင်း (၂၂) ကျောင်းဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)