ကွတ်ခိုင်မြို့‌တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေဂန္ဓမာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တမန်ချောင်းကျေးရွာအုပ်စု​၌ စိုက်ပျိုးရေးနည်းပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်​နေ့ နံနက်ပိုင်းက တမန်ချောင်းကျေးရွာအုပ်စု တောရကျောင်းတိုက်ဓမ္မာရုံတွင် တမန်ချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေး နည်းပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

တာမိုးညဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ရှမ်းပြည်နယ်၊ တာမိုးညဲမြို့တွင် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်အတိုင်း ယမန်နေ့ နံနက် ၉ နာရီက စတင်ပြီး မြို့အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ် လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံနေမှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံနေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး (Abate) ဆေးခပ်ခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပြည်သူများ မိုးဦးကာလ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ (Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုက်းက နေအိမ်များအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

ဟင်္သာတခရိုင် ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် Grade-11 သင်ရိုးသစ်ဆင့်ပွား သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-11 သင်ရိုးသစ် ဆင့်ပွား သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီအတွက် (ဒုတိယ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် (ပထမ)အကြိမ် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ဒုတိယ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် (ပထမ)အကြိမ် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကမာဝက်မြို့၌ ရခိုင်ပြည်နယ်လေဘေးသင့် ပြည်သူများအတွက် လှူဒါန်းငွေပေးအပ်ပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မွန်ပြည်နယ်၊ ကမာဝက်မြို့တွင် ရခိုင်ပြည်နယ်လေဘေးသင့်ပြည်သူများအတွက် လှူဒါန်းထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက  ရတနာဒေဝသာရုံခြင်္သေ့ကျောင်းတိုက်၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်သူရအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။
Subscribe to