တီးတိန်မြို့၌မြို့တွင်းလှပသာယာရေးစုပေါင်းသန့်ရှင်းရေးပြုလုပ်

တီးတိန်   အောက်တိုဘာ   ၂၃

ချင်းပြည်နယ်တီးတိန်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့်မြို့တွင်း လှပသန့်ရှင်းရေး အတွက်ယမန်နေ့နံနက် ၈နာရီက စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြောင်း သိရသည်။

ထိုသို့စုပေါင်း သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ရာတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးသင်တန်းကျောင်းနှင့် မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟို ကျောင်းလမ်းဘေး ရှိချုံနွယ်များကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးဟုန်း နိန်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းခလရ (၂၆၉)မှ ရဲဘော်များ၊ မြို့မ(တီးတိန်) ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များက စုပေါင်းရှင်းလင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ကြကြောင်းသိရသည်။

   မြို့နယ်(ပြန်/ဆက်)