ဖြူး ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ မဲရုံ (၇၅)ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်မွမ်းမံသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မွမ်းမံသင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်က ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကိုအောင်မြင်စွာ ကျင်းပနိုင်ရေး အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအေးဇော်အောင်က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်ချက်များ၊ မဲပေးစက်ဆိုင်ရာ လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား မဲရုံလက်စွဲစာအုပ်ဖြင့် သင်တန်းပေးခြင်း၊ မဲစာရင်းစစ်များ၊ လုံခြုံရေး၊ မင်တို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ MEVM မဲပေးစက်ဆိုင်ရာ ကိစ္စရပ်များ၊ မဲရုံများတွင် ဆောင်ရန်၊ ရှောင်ရန်များ၊ ပုံစံများဖြည့်သွင်းခြင်း၊ လက်တွေ့သရုပ်ပြခြင်းများကို တက်ရောက်လာကြသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ တာဝန်ယူဆောင်ရွက်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများကို မွမ်းမံပို့ချပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)