နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမရှိ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှု

နတ်မောက် ဧပြီ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/သူများ လူငယ်လူရွယ်များနှင့်ကလေးငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ရုံးဝန်ထမ်းများက ကျောင်းသား/သူများ မိမိတို့နှစ်သက်ရာ သုတ၊ ရသစာအုပ်များကို လွတ်လပ်စွာ ရွေးချယ်ဖတ်ရှုနိုင်ရန် စီစဥ်ဆောင်ရွက်ပေးထားပြီး နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များအတွက် ရုပ်ပြစာအုပ်များ၊ ပုံပြင်စာအုပ်များ နှင့်ဗဟုသုတဖြစ်ဖွယ် မဂ္ဂဇင်းများကို အဓိကထားငှားရမ်းပေးလျက်ရှိရာ လူငယ်များအတွက် အသိပညာဗဟုသုတ တိုးပွားစေမည့်စာအုပ်များကိုလည်း ခင်းကျင်းပြသထားလျက်ရှိသည်။

“နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေစာဖတ်တဲ့ အလေ့အကျင့်ရအောင်နဲ့ ပြင်ပဗဟုသုတတွေတိုးပွားလာအောင် အခုလိုစာကြည့်တိုက်ကိုလာ ရောက်ဖတ်ရှုဖို့ဖိတ်ခေါ်ပါတယ်၊ ကျောင်းသား/သူတွေအနေ နဲ့လည်းဖုန်းကြည့်တာထက် စာဖတ်ခြင်းကနေတစ်ဆင့် အတွေးအခေါ်တွေ ပိုမိုရင့်သန်လာမှာဖြစ်ပါတယ်”ဟု စာကြည့်တိုက်မှူး ဒေါ်ဝင်းမေထွန်းက ပြောကြားခဲ့သည်။

လှဝင်း