ပျဉ်းမနား ဧပြီ ၃
ပျဉ်းမနားမြို့နယ်တွင်းရှိစက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးအတွက် စဉ်ဆက်မပြတ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁ ရက်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်သူရကျော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များတွင် မီးငြိမ်းသတ်ရေးပစ္စည်းများအသင့်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆီဖြည့်နေစဉ် လိုက်နာရမည့်အချက်များနှင့် အရေးပေါ် မီးသတ်ခဆေးဘူး အသုံးပြုနည်းများအား ရှင်းလင်း ပြသပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)