မောက်မယ် ဧပြီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် နွေရာသီပန်းချီသင်တန်းကို ဧပြီ ၁ ရက်နေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စျေးတန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုနွေရာသီပန်းချီသင်တန်းတွင် ဆရာ/ဆရာမ(၃)ဦးတို့မှ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းသား ကျောင်းသား/ကျောင်းသူများ(၄၀)ဦးခန့်တက်ရောက်ပြီး သင်တန်းကာလမှာ ဧပြီ(၁)ရက် နေ့မှ ဧပြီ(၆)ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)