ပင်လောင်း ဧပြီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံစစ်တုရင်သင်တန်း ၂/၂၀၂၆ ကို ဧပြီ ၁ရက်နေ့ နံနက်ပိုင်းက စတင်သင်ကြားပေးခဲ့ကြောင်း သိရသည်။
စစ်တုရင်သင်တန်းတွင် သင်တန်းသား/သင်တန်းသူ(၁၀)ဦးတက်ရောက်ပြီး၊ သင်တန်းကို ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့ထိ အခြေခံဖြစ်သည့် စစ်တုရင်အရုပ်အမည်များ၊ အရုပ်တစ်ရုပ်ခြင်းစီ၏ အားသာချက်များ၊ ကစားနည်းများစသည့် စစ်တုရင်ပညာရပ်များကို သင်တန်းနည်းပြဆရာ ဦးစိုင်းရွှေဝင်းက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်