တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြားလျက်ရှိ

ထားဝယ်     ဇွန်   ၂ 

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ယမန်နေ့နံနက်ပိုင်းက စတင်၍ တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ကာ ပညာသင်ကြားလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ မေ(၃၁)ရက်နေ့အထိ ပညာသင်ကျောင်းသားဦးရေမှာ မူလတန်းအဆင့်(၁၃၈,၃၇၂)ဦး၊  အလယ်တန်းအဆင့် (၃၂,၀၉၉)ဦး၊ အထက်တန်းအဆင့် (၁၁,၇၅၇)ဦးရှိကြောင်းသိရသည်။

အဆိုပါအခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ဆရာ/မများ၊ ကျောင်းသား/သူများ အေးချမ်းတည်ငြိမ်စွာ စာသင်ကြားနိုင်ရေးနှင့် မိဘများ၏လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)