မြိတ် ဇွန် ၅
၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေပေးကျေးရွာတွင် သစ်တောဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး ဗြူးအုပ်ဆောင်၊ ဗြူးခြေထောက်၊ သမဲ့ကြီးနှင့် လမုပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ရှေးဦးစွာ စုပေါင်းစိုက်ပျိုးကြမည့် ပျိုးပင်များအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့အား ဖြန့်ဝေပေးခဲ့ကြပြီး မြိတ်ခရိုင်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ တက်ရောက်လာကြသူများက မိုးရာသီ ဒီရေတောပျိုးပင်များကို တပျော်တပါး စိုက်ပျိုးပေးခဲ့ကြသည်။
ထိုသို့စိုက်ပျိုးကြရာတွင် မိုးရာသီ ဒီရေတောသစ်ပင်များဖြစ်သည့် ဗြူးအုပ်ဆောင် (၁၀၀၀)ပင်၊ ဗြူးခြေ ထောက်(၃၀၀)ပင်၊ သမဲ့ကြီး(၇၀)ပင်နှင့် လမု(၁၀)ပင် စုစုပေါင်းအပင် (၁၃၈၀)ပင်ကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် တက်ရောက်လာကြသူများက တပျော်တပါး စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)